Wednesday, 5 February 2014


ခံစားနေရတဲ့ ဝေဒနာကို 
ရေနွေးဖျောပြီး
ကျုပ်ခပ်ပါးပါးလှီး
ငရုပ်သီးစပ်စပ်ထည့်
သံပုရာရည်ညှစ်ပြီးသုပ်
ကော်ဖီခပ်ပြင်းပြင်းတစ်ခွက်နဲ့ 
မြည်းလိုက်တယ်

ဟားအရသာရှိလိုက်တာ
တောက်စားလိုက်ရတဲ့ 
အသုပ်ကသွေးတရွှဲရွှနဲ့ 
ခပ်ပြင်းပြင်းကော်ဖီနဲ့ ရောတော့
ကော်ဖီတောင်အရောင်ပြောင်းသွားတယ်

ဒါတောင် ကော်ဖီခွက်မှာ
သူ့ သူ့ အပြုံးနုနုလေးမြင်နေသေးတယ်
ကော်ဖီခွက်မှာ
ခပ်ရေးရေးဖြစ်နေတဲ့
ကျုပ်ပုံတောင်တွေ့ လိုက်သေးတယ်
မျက်နှာသေနဲ့ ပေါ့

ဟားသွားစမ်းပါကွာ
မင်းခံစားရတာမြောင်းထဲပစ်ထည့်ပြီး
မြောင်းရေနဲ့ ဆေးပစ်စမ်းပါ
ရှုံးမယ်မှန်းသိရက်နဲ့ ကစားခဲ့တယ်မလား
မင်းမှာအနိုင်မရှိမှန်းသိရက်နဲ့ 
ကကွက်တစ်ချို့ နဲ့ ကပြနေတယ်မလား

အဲဒီထောင့်မှာလဲသေလိုက်
ကယ်သူမရှိဘူး
ပုတ်ပွရင်တော့ လာကောက်လိုက်မယ်
ခပ်ရှုံရှုံဖြစ်နေတဲ့ မျက်နှာတွေနဲ့ 
ကျိန်ဆဲသံတစ်ချို့ တော့မင်းရလိုက်မယ်

ပန်းလိုချစ်လို့ ကတဲ့ဘီလူးဆိုင်း
မင်းကြောက်မနေနဲ့ 
သူ့ မှာလည်းမင်းသမီးနဲ့ 
မင်းလိုကောက်ထက်မိုက်တယ်

မင်းလိုဘာမှဟုတ်
ခပ်စုတ်စုတ်နုံချာချာ
ကောင်တစ်ကောင်က
ရွှေမင်းသမီးကိုလိုချင်မှတော့
ခံလိုက်ဦးပေါ့
မှန်ကလေး —

No comments:

Post a Comment