လေအသင့်မှာကြွေ
မြေနိမ့်ရာလှံစိုက်ချင်ကြ
အခြေနေသင့်အောင်လို့ 
ဓါးတစ်လက်ပေါ်ငါနင်းလျောက်ခဲ့တယ်
ရေနှစ်လို့ ဝူးကူထိုးမဲ့
မင်းလက်တစ်စုံထက်
သဘာဝကပေးတဲ့ 
မြက်တစ်ပင်ကို
ငါနှစ်သက်မိတာ
ငါ့လောဘလား
ဘယ်သူ ပြိုင်ပြိုင်
ငါနိုင်ချင်ခဲ့တာ
မင်းမသိတဲ့ အတ္တ လက်တစ်စုံလား
ပန်းအခြေနေ
ကြွေသာကြွေရ
မြေခပြီပေါ့ အနေတော်မော့ပေမယ့်
သေတော့မယ့် ငါ့နှလုံးသား
မင်းအတွက်အပြုံးစကားလေးခွန်းဆက်သပါတော့မယ်
မင်းရဲ့အချစ်များတဲ့ လက်တစ်စုံဟာ
အမျိုးဘာသာအတွက် ခါးသက်မှုမပေးရင်တော်ပါပြီ
မှန်ကလေး
No comments:
Post a Comment