ခရောင်းလမ်းမှာပျိုးမိတဲ့ပန်း
×××××××××××××××
သစ္စာ တရားကိုမျိုးစေ့ယူ
မေတ္တာ တရားမြေကိုဆွ
ကြင်နာမှုလက်တစ်စုံနဲ့
ပျိုးတဲ့ပန်း
သံယောဇဉ် တွေရစ်ပတ်ထုံးဖွဲ့
ဂရုနာတရားနဲ့
ရေလောင်းပေါင်းသင်
အချိန်ရယ်ကြာညောင်းတော့
အချိန်အခါရယ်သင့်
ဖူးပွင့်ဝေဆာ လှလာတဲ့ပန်း
ပျော်ရွှင်မှူနဲ့တယုတယကြည့်
အဆင်းအနံ့ရယ်ပြည့်စုံ
သင်းထုံမွေးပျံ့ ငါ့ရင်မှမနမ်းရက်ပေ
ရနံရယ်ပြည့်စုံကြွယ်တော့
ငါပျိုးတဲ့ပန်း ရင်ခွင်နွမ်းအောင်
ပြုရက်လေအား
သူစိမ်းကာသွားလေပြီ
ရင်မှာပျိုးတဲ့ချစ်ပန်းက
တိုက်တာအလှရဲ့ပကာသနအောက်
လှပတင့်တယ် နှစ်သက်ပြန်တော့
ရက်လကြာညောင်း ဥယဉ်ဟောင်း
မှာ ငါတွေးနေပြီ တွေးမိလေပြီ
မေတ္တာတောမှာပျိုးမိသော်လည်း
ခရောင်းလမ်းမှာ
ပျိုးသည့်ပန်းနှင့်မခြားပါပြီ
¿¿¿မှန်ကလေး ¿¿¿♥
No comments:
Post a Comment