Wednesday, 5 February 2014

~~~အဟောင်းတွေဝယ်မယ်ရောင်းမယ်!!!!!!!



ခံစားချက်တွေ ပုလင်းနဲ့ လဲမယ်
ယုံကြည်ချက်တွေ ထုတ်ဆီးထိုးတယ်းကစားမယ်
သစ္စာတွေ ပုံပြင်လုပ်မယ်
မေတ္တာတွေ ဘောလုံးကန်သလိုကန်မယ်
ခံစားချက်တွေ ရေနဲ့ ဆေးမယ်
ဥပက္ခာတရားတွေ လှည့်စားချက်တွေနဲ့ 
အသက်ဆက်ကြမယ်
လိမ်လည်မှုကို အရင်းနှီးလုပ်မယ်
ဖြောင့်မတ်သောလမ်းကို မြေဖို့ 
လမ်းကောက်တွေဖောက်ကျမယ်
မနက်ဖြန်ဆိုတဲ့ နေ့သစ်ကို 
good morning အစား bad morning
အစားထိုးမယ် 
ညနက်တွေကို အိပ်စက်ချိန်မှာ bad nightလို့ သုံးကြမယ်

အိပ်စက်မရတဲ့ ညတွေကို
လူးလွန့် နေမယ့်အစား
ဘယ်သူ့ ကိုလိမ်လည်ရမလည်းလို့ စဉ်းစားကြမယ်
ကဲ ဘယ်လိုလည်း
မှန်ကလေး

No comments:

Post a Comment