Wednesday, 5 February 2014

((( မြင်တက်ပါစေ )))



အသဲကွဲတယ်ဆိုရင်
ချစ်သူရယ်
ခံစားမှုနဲ့ မျက်ရည်ကျတာ
အသဲကွဲတယ်ဆိုရင်
ငါ့ရင်မှာကျန်ပါ့တော့မလားဟာ
တကယ်ဆိုချစ်သူရယ်
နင့်ရဲ့ ဥပက္ခာဆိုတဲ့ 
တရားမှုအောက်မှာ
ငါဆိုတဲ့ လူလေးတစ်ယောက်
မေတ္တာတရာဆိုတဲ့ နွေးထွေးမှု
စာနာမှုတွေအောက်မှာ နေချင်တာပေါ့ချစ်သူ
ငါ့ရဲ့ စကားလုံးသံ
ငါ့ရဲ့ ရင်ကွဲသံခပ်ပြင်းပြင်းနဲ့ 
အသည်းကိုထုတ်လို့ 
အက်စစ်တစ်ခွက်ထဲပစ်ချလိုက်ပါ
ငါ့ရဲ့ အသည်းကတော့မင်းနာမည်တွေကဗ္ဗည်းထိုးထားတာပြည့်နေလို့ 
အက်စစ်တစ်ခွက်တောင်ငိုကျသွားမယ်ချစ်သူ

နင်သိနိုင်ပါ့မလားဟာ
ကာရံတွေမညိတက်တဲ့လူ
နဘေတွေနားမလည်တဲ့ လူ
ဒီလူလေးတစ်ယောက်ဟာ
နင်နဲ့ တွေ့ တဲ့ နောက်ပိုင်းမှာ
အချစ်ဆိုတဲ့စာသားကိုကာရံဖွဲ့ 
အပြစ်မဲ့လေအောင်တော့
ငါနားလည်ပေးပါတယ်ဟာ

တကယ်လို့ သာာ ငါ့ရင်တွေမညိမ်သက်ခပ်မဆိတ်ညတွေ
တိတ်တဆိတ်တိုးဝင်မယ်ဆိုချစ်သူ
ကွဲသွားတဲ့ နှလုံးသားလေး
နင့်နာမည်တွေကဗ္ဗည်းထိုးထားတာ
နင်နှလုံးသားနဲ့ ဖတ်ကြည့်ပါဟာ
နင့်ကိုချစ်တယ်ဆိုတဲ့ စာတန်းကြီးကို ကြည့်တက်ပါစေချစ်သူ
မှန်ကလေး

No comments:

Post a Comment