ရွာပြင်ကန်မထုတ်ရ
ပြည်မြန်မာကြီး မျော်ကာငေးတော့
ဆွေးရပြန်ပေါ့လေး
စဉ်းစားကြည့်တော့ ရွှေမြန်မာ
ပြင်နိုင်ရန်ခက်လှသေး
၂၄နာရီမှာတစ်ခါလာလာတော့
၁၅မိနစ် တို့ ပြည်လျပ်စစ်
ဒါပေမယ့်လေ လည်နေတာ
ပန်ကာရှုံးသေးမီတာလေးက
လမ်းပန်းဆက်သွယ်ကောင်းလေအောင်
ပြင်နေပါပြီ ကျောက်စရစ်တွေနဲ့ 
ကတ္တရာကို အပြေးလောင်းကာ
ကုန်နေပါပြီ လမ်းတွေအတွက်
ကတ္တရာတွေကုန်ကာလမ်းတွေဟောင်း
အင်္ဂျီနီယာ အိပ်ကပ်ဖောင်း
ဟိုသည်နိုင်ငံ သွားကုန်ကြပြီ
ပြည်မြန်မာရဲ့ အမျိုးကောင်းသားတို့ 
နိုင်ငံခြားဝင်ငွေကောင်းလေအောင်
ဈေးတက်နေတယ်မြန်မာငွေက
ဈေးမကျတာတစ်ခုသာ
မြန်မာပြည်ရဲ့ ကုန်ဈေးနှုန်းဗျ
အမှိုက်ခွန်လမ်းခွန် ကောက်ခံလျက်
အိုကွာတစ်နှစ်မှမပြတ်
ဒါပေမယ့်လေကြည့်ကြပါ
မြို့ ရွာအနှံ အမှိုက်တွေပြည့်လျက်
ညအလုပ်သိမ်းလို့  အိမ်အပြန်
အဖမ်းခံရမှောင်ရိပ်ခိုမှု
အဲဒီနေရာသွားကြည့်ပါ တစ်လမ်းလုံးမှာ
လမ်းမီးမရှိ
(သတိ-တားမြစ်နယ်မြေမလာရ)
အဲလိုနေရာအပြောခံရတာ
လွန်ခဲ့လက တို့ ဘိုးဘွားပိုင်မြေဗျို့ 
မှန်ကလေး
No comments:
Post a Comment