×××ပျော်မလားဖွေရှာအနေကြာတော့
နေထိကြာလိုမလန်း
ရေပြင်ကိုလွမ်းလှတယ်××××
×××နိယာမနဲ့ချတွက်မရ
အချစ်ဆိုတဲ့ စကားအလှဖွေရှာကာ
အနေကြာတော့ဖြေသာဖို့
ခံစားချက် ကမ္ဘာအသစ်ကိုဖွေရှာလည်း
မနေသာပါဘူး
ရူးမူးတမ်းတ တစ်ချိန်ကချစ်ရက်ဟောင်း
မပြောင်းလဲပါဘူးချစ်သူ×××
×××၀င်လာလှည့်ပါမပြောသာလည်း
တမ်းတလို့စောင့်မျော်
မှန်းဆတော့ရင်မှာအလွမ်းပျော်နေ×××
×××တကယ်တမ်းတော့
မှိန်ဖျော့ဖျော့ အလင်းတစ်စက်
အားပြုလို့ဆွဲကိုင်
အသဲမခိုင်ဇာတ်လမ်း
ခပ်နွမ်းနွမ်းပါ×××
×××အလွမ်းတစ်ခုရဲ့ပြဇာတ်ခါး
ကြည့်သမားတော့ပြုံးပျော်
လူကြမ်းကျွန်နော် အသဲကွဲတော့
လှောင်ရယ်အပြုံးအဆုံးမသတ်ကြပါလား×××
×××ပိတ်ဖုံးသွားတဲ့တိမ်တွေကြား
လမင်းကိုတမ်းတကြတော့ တိမ်ဖြစ်တဲ့ကျွန်နော်က
ကျိန်ဆဲခံ ကျိန်စာခံကာ
လမင်းကိုအချစ်ပိုစေတာမသိပြီလား
မှန်ကလေး ±အလွမ်းသခင်
{ဥပက္ခာလူသား}
No comments:
Post a Comment