Monday, 4 February 2013

ကင်းကွာနေတဲ့ နေ့ ရက်

အသစ်ကိုဖွေ၇ှာ အဟောင်းဆိုတာ
မေ့နေပါလို့  အချိန်တွေကုန်ဆုံးပါပေါ့
အသစ်ဘယ်လောက်ကောင်းကောင်း
အဟောင်းမှာတ၀ဲဝဲလည်
ပြန်ပြောင်းတွေးတော့ နှလုံးအသည်း
မမုန်းဘဲကြေကွဲခဲ့တာ
အချစ်ဆိုတာ အဟောင်းကသာ အသစ်ဖြစ်ခဲ့တာ
အသစ်တွေဟောင်းကုန်
အဟောင်းတွေသစ်ကုန်နဲ့ 
ဥပ္ပက္ခာလောကကြီး တရားမျှတပါတယ်
မချစ်ခင်တဲ့ ဒီအသည်း နှစ်တွေသာယိုင်လည်း
အသစ်တွေဖွေရှာနေလည်း
အဟောင်းမှာဘဲစွဲမြဲ
မင်းပေးတဲ့ ဒါဏ်ရာတွေလည်းသစ်နေဆဲပါချစ်သူ
နှလုံးသွေးတွေ မြေခနေမြဲ
မင်းပေးခဲ့တဲ့ ဝေဒနာတွေနဲ့ 
မှောင်မိုက်စွာရူးသွပ်
တမ်းတနေမြဲပါ အဝေးရောက်နေတဲ့
ခောတ်သစ်ကချစ်သူဟောင်းရယ်
အတွေးတစ်ခုထဲက
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

No comments:

Post a Comment