Wednesday, 5 February 2014

သိပါစေ

ရင်ခွဲတဲ့ ဂဏန်းတွေ
သချာင်္ရဲ့  နိယာမနဲ့ ချတွက်လိုက်တော့
အရက်တစ်ခွက်က ခပ်ပြုံးပြုံး

ငိုနေတဲ့ မျက်ဝန်းတွေက
သီလတရာကိုမေ့ပစ်ထားပြန်တယ်

သစ္စာဆိုတဲ့စကားနဲ့ ရင်ခွင်ကိုဖွင့်ကြည့်ပြန်တော့
တစ်ခြမ်းကဟာလာဟင်းလင်း

မေတ္တာတရားကိုစဉ်းစားပြန်တော့
နွေးထွေးနေတဲ့ မိသားစုလက်တစ်စုံကအေးချမ်းနေဆဲ

ဘ၀ဆိုတာတွေးရပြန်တော့
ဓနကနတ္ထိ ဥစ္စာကမရှိ
မျက်နှာမွဲကျွန်နော်

ဆင်းရဲခဲ့တဲ့ ဘ၀ကခါးသလား
အချစ်ဆိုတဲ့ တရားက
မှားလေသလား

ငါ့အတွက်တော့ချစ်သူရယ်
မမိုက်သောဘ၀ရဲ့ တစ်နေ့ တာ

နင့်ရင်မှာငါမရှိတော့ပေမယ့်
ငါ့ရင်မှာထာဝရလင်းလက်နေမယ့်
ကြယ်စင်လေးတစ်ပွင့်ကနင်ပါချစ်သူရယ်
မှန်ကလေး

No comments:

Post a Comment