အတိတ်မြေပြင်ကိုပြန်တူးဆွလိုက်တော့
ပုတ်အဲ့အဲ့ အနံ့ တွေ လှိုင်ထူ
မဆိုင်သူတွေဘေးမှာကပ်
ချွေးတစ်စက်စက်ကျနေတဲ့ 
တန်ဖိုးမဲ့ လက်တစ်စုံ
နှလုံးသားကကာရံတွေရွတ်လို့ 
ဖြစ်နေတာစစ်မြေပြင်
ရောက်နေတာ တစပြင်
သွားနေတာကျည်ဆံ
မျက်လုံးမှာမြင်တာ
ဝဲပျံနေတဲ့ပျားပိတုန်း
ထပ်နေတာအလောင်း
ဘယ်သူဆိုတာ ကြည့်မကောင်းပါဘူး
သူတစ်လူငါတစ်မင်း
စစ်ခင်းနေတဲ့ စစ်တလင်းပြင်မှာ
အသက်ကိုခြေမှာထား
ဦးနှောက်ကိုလွာသုံး
တစ်ဝုန်းဝုန်းကွဲနေတဲ့ 
ချစ်စရာ ဗုန်းသံတွေကြား
ဒုန်းစိုင်းပြေးခဲ့ရတဲ့ 
ဥပက္ခာလူသားတစ်ယောက်တော့
လောကအလယ်မှာ
မျက်နှာငယ်စွာလျောက်လမ်းရပေဦးတော့မည်။
မှန်ကလေး(ဥပက္ခာလူသား)
No comments:
Post a Comment