အိပ်မရညရဲ့ စိတ္တဇ အတွေးထဲမှာ
ရိုက်ချခံရတဲ့အဖြစ်က
များလိုက်တာ
အညတြရဘ၀ကို အရောင်ဆိုး
အမျိုးမျိုးသောအရာတွေ
မြို့ပြကိုလျောက်လမ်းဖို့
ဖြတ်သန်းလာတဲ့ ကျောက်လမ်းက
နူးညံ့ခဲ့ပါ့မလား
တောကြိုအုံကြားက
တောသားလေးကျွန်နော်
တစ်ချိန်ကအိမ်မက်တွေ
အကောင်ထည်ဖော်ဖို့
မွေးရပ်မြေမှစွန့်ခွာ
ရှူပ်ထွေးပွေလီမြို့ပြဆီလှမ်းတက်ခဲ့တယ်
မနူးညံ့တဲ့ကျောက်လမ်းထက် ကြမ်းတမ်းတဲ့စကားတွေနဲ့ပြောဆို
ပိုက်ဆံကိုရေလိုသုံး ရိုင်းစိုင်းသူတွေအကြား
ရင်တွင်းငိုရှိုက်တိတ်တဆိတ်
ဟစ်ကြွေး
မဝေးသောတစ်နေ့မှာ
ငါအောင်မြင်ရမည်ဟု
မှန်ကလေး
No comments:
Post a Comment