အတ္တပုံရိပ်တစ်ချို့
ပုံဖော်ထုဆစ်
နှလုံးသွေးခြေဥတို့ဖြင့်
ဟစ်ကြွေး မဝေးနိုင်တဲ့
ပြန်မဆုံနိုင်ချစ်သူ
အသဲပျက်သုဉ်း
ကျရှူံးခန်းဖြင့်
အခန်းကိုအဖော်ပြု
မေတ္တာတရားပြုစုငြား
ထွက်သွားချစ်သူ
အပြစ်မယူခဲ့သူ
အဝေးမြေကလူ
အတွေးတွေထပ်တူကျ
ခံစားချက်တွေဝေမျှရင်း
နှလုံးသား ဖြငိ့ သွေးရင်း
မဝေးသောချစ်ချင်းက
လွတ်မြောက်မှုနဲ့ သေဆုံးခြင်း
အောင်မြင်မှုမှာငိုကြွေးနေသူ
ထိုထိုထိုသို့သောသူတွေထဲ
မှန်ကလေး လည်းပါခဲ့ပြန်ပြီလေ
No comments:
Post a Comment