ဓါတ်စက်သံဆူဆူညံ
ပျော်ရွှင်ဖွယ်သီချင်းသံနဲ့ 
လာသူတွေဟန်ဆောင်ပြုံးလို့ 
အမုန်းတရားတွေမမြင်ပါဘူး
အပြုံးပန်းတွေဝေဆာနေကြတယ်။
အချစ်ဆုံးသူရဲ့ နှလုံးသားချင်းဆက်
လက်ထပ်တဲ့မင်္ဂလာ ရက်မြတ်တစ်နေ့ 
နောက်ဆုံးတစ်နေ့  ပစ်ခွာမေ့ ဖို့ 
အရှုံးများလည်း ဟန်ဆောင်ကာပြုံး
အရှုံးကြီးရှုံးခဲ့ပေမယ့်
ရင်ထဲမှာတော့ ရှိုက်ငို မင်းရှေ့မှာ
သကာလို ချိုမြနေခဲ့ရတယ် ။
ငါပြုံးပြခဲ့တဲ့အပြုံး ပန်း
နှလုံးသားနွမ်းလှပေသမို့ 
ဆုံးခန်းတိုင်ထိရင်မဆိုင်
အရှုံးများနဲ့ ယှဉ်ပြိုင် ဖို့ 
အပြုံးရဲ့နောက်
ကြွေကွဲနေတဲ့ မျက်ဝန်းတစ်စုံရဲ့ 
ကျောက်စာမှာမော်ကွန်းထိုးလိုက်မယ်
နောက်ဆုံးနုတ်ဆက်ခြင်းပေါ့ချစ်သူ.......................................................
မှောင်မိုက်တဲ့အခန်းတစ်နေရာရဲ့ 
ဓနုလေး(အလွမ်းနိဒန်း)
No comments:
Post a Comment