Thursday, 13 December 2012

အချိန်မတန်ခင်ကြွေလင့်ခဲ့ရသောသူငယ်ချင်းအတွက်

ငါတို့ ငယ်စဉ်ကျောင်းနေစဉ်မှစ

အရွယ်ရလာ ခုချိန်ခါထိ
ညီရင်းအကိုပမာ ခင်မင်ရတဲ့ သူငယ်ချင်း။
ကျောင်းသားဘဝ
စာသင်ကြလည်း
ပျော်ရွှင်စွာလက်တွဲ
တို့ တွေ လည်း ညီရင်းအကို
ပမာ သို့ 
ယခု ချိန်ထိ အမုန်းမဖက်တဲ့ သူငယ်ချင်း။
တစ်ယောက်ဝမ်းနည်းချိန်တိုင်း
တစ်ယောက်ကဖေးမလို့ 
မျက်ရည်တွေခမ်းစေနိုင်ခဲ့တဲ့ သူငယ်ချင်း။
ယခု အခါငါတို့ တွေ မှာ
ခင်မင်ရင်းနှီး မှုကစလို့ 
စီင်္းပွားရေးတွေ ကိုစီရှာ
လူမှုနယ်ပယ်မှာ ပညာရှာလို့ 
လောကဒါဏ်ကို အံတုနေရင်း

အချိန်မကျ ခင်ကြွေလင့်
မြေကိုခခဲ့တဲ့ သူငယ်ချင်း။
သေချင်းတရားဆို တာ
ပြေးရှောင်လို့ မရပေမယ့်
စောနေသေးတယ်သူငယ်ချင်း
နောင်နောင်ဘ၀တကယ်သာရခဲ့ ရင်
ဒီအဖြစ်မျိုးကဝေးပါစေ
အေးချမ်းမှုနဲ့ ဆုံတွေ့ ပါစေ သူငယ်ချင်း။
ငါရှုံးနိမ့်တိုင်း ကြေကွဲတိုင်း
br />ပျော်ရွှင်တိုင်း မင်းကို သတိရနေမယ်>>>>>>>>>>>>>
မင်းကောင်းရာသုဂတိလားပါစေ။

အချိန်မတန်ခင်ကြွေလွင့်ခဲ့ ရသော ချစ်သူငယ်ချင်း အတွက်
**အလွမ်းသခင်**

No comments:

Post a Comment