Thursday, 8 November 2012

ံခံစားမှု(၂)

အလွမ်းတစ်ခုရဲ့ အစ
အမုန်းတရားရဲ့ နိဒန်း
အရှုံးသမားမျက်ရည်
မြေကျပေမယ့်
အနေလှစေဖို့ 
နေတက်တဲ့ အသည်း
မြေခမဲ့ဝဲဂယက်မှာ
အခြေချမိလေတော့။


ဝေဒနာလှလှ
မဖြေသာလှပေမယ့်
ဟိုတစ်ချိန်ကဆိုတဲ့
တဒင်္ဂပျော်ရွှင်မှုမှာ

ရူးသွပ်မိုက်မဲ
အခုထိ ခိုက်နေဆဲပါ


အသစ်မရှာ ပြစ်ခွာလိုည့နှစ်၁၀၀ကုန်ပါစေ
ကဗျာသွေးတွေစိးဆင်းနေမယ့်
စီးချင်းထိုးပွဲမှာ
အချစ်မပါရင်
ငါယှဉ်ပြိုင်ထိုးသက်ခွင့်ရှိရမယ်


မင်းမပါတဲ့စီးချင်း ငါမဟုတ်တဲ့ငါ
စစ်သူကြီးမဟုတ်ပေမယ့်
ချစ်ဦးသူရဲ့ အမုန်းကိုလှပစွာ
ခံယူနေမယ့်အရှုံးသမားမဟုတ်တဲ့ 
လူစွမ်းကောင်းဖြစ်နေချင်တယ်။


ကဗျာတွေ စီးချင်းထိုး
ခံစားချက်တွေသွေးနဲ့ရေးခြစ်
အချစ်မဟုတ်တဲ့အချစ်
အပြစ်မဟုတ်တဲ့အပြစ်
အသစ်မဟုတ်တဲ့မင်းနှလုံးသား
အရှုံးတရားဆိုတာ ခံယူပြီးသားလားချစ်သူ
ငါမညာပါဘူး
အရူးမူးချစ်ခဲ့တာ
ဝင်္ဂဘာအသည်း
ဝင်ပြီးပြန်ထွက်ခက်လေသမို့ 
နောက်ဆုံးတစ်ခုတောင်းဆုပြုမယ် အချစ်တုနဲ့ဝေးပါရစေ
  • မှောင်မိုက်တဲ့အခန်းကျဉ်းလေးထဲက
  • အလွမ်းသခင်

No comments:

Post a Comment