လောကအလယ်သောကမကြွယ်အောင်လို့ 
မာယာတွေသုံး
ပြုံးပျော်ကြလိမ့်မယ်
အရှုံးတွေကိုမေ့လျော့စပြုနေတဲ့နှလုံးသား
ဖလံပိုးလိုမီးပုံတိုးချင်တိုးမည်
သေမှာသိတဲ့သတ္တ၀ါတွေ မေ့လျော့နေကြမည်
စကားတွေပလီလာနဲ့ ဖောင်ဖွဲ့ ရီမောနေကြမည်
အရာရာနတ္ထိဘာမှမ၇ှိတဲ့ လောကကို
သူငယ်ချင်းမင်းမေ့လျော့နေမယ်ဆိုရင်
မင်းရဲ့နောက်ဆုံးသောခရီးအတွက်
လှပနေမည်မထင်ပါလေ
သင့်ရဲ့နောက်ဆုံးအချိန်တွေအတွက်သင်ဘာလုပ်နေသလည်းဆိုတာ
သင်သာသိပါစေတော့သူငယ်ချင်း
အလွမ်းသခင်
No comments:
Post a Comment