Saturday, 27 October 2012

မနွမ်းခြွေသင့်သမို့ ပင်ယံအမြင့်မှာဘဲတင့်ပါစေ

ပန်းကောင်းတစ်ရာအသစ်စိုက်ခဲ့ပါလည်း
ပန်းဟောင်းတစ်ပွင့်
ပွဲလယ်မတင့်စေခဲ့ 
ပင်ယံပေါ်တင့်
ပန်းအသစ်နှင့်ရနံ့ တွေဖုံး ပန်းအလုံးစုံကို
ခူးခြွေကာနွမ်း
အေးချမ်းသောလက်လည်း
ဒေါသတွေဖုံးလို့  ပျက်သုန်းစေပြီ!!!!!!!

မောဟ-မာနနဲ့ ပန်းအလှတွေကို
ဆွတ်ယူလိုသူ
ပန်းခူးသူတို့ ငါရဲ့ ချွေး-ငါ့ရဲ့ သွေးတွေကို
ဆွတ်ယူစားသုံးလှည့်ပါ
ငါဆိုတဲ့ ဥယဉ်မူးလေး ပန်းတွေနဲ့ ရူးသွပ်နေပြီ"""

ပန်းတို့ သခင် မာယာရှင်လည်း
သွေဖယ်ကာပြေးလို့ 
အဝေးရောက်နှင့်ပြီ
အဲဒီမနုဿပန်းလေးပျက်သုန်းလို့ ဒီရင်ညိုးနွမ်းအသဲကျွမ်းနေရပြီ

ပန်းမျိုးတစ်ရာမပျက်သုန်းဘဲရှင်သန်အောင် နိုးကြားဆောင်ယူခဲ့သောငါရဲ့ လက်
ပန်းဟောင်းတစ်ပွင့်ပွဲလယ်မတင့်တယ်စေခဲ့ပြီ
ဘ၀သစ်မှာအေးချမ်းပါစေ ပန်းချစ်သူ^^^^^^^^^^^^^^^^^^
ပန်းတို့ မြည်သည်
ပင်ယံထက်မှ
သင့်တော်လှသမို့ 
မခူးခြွေသင့်ပေ
ပန်းခူးလိုသူ ပန်းချစ်သူတို့ ရေ
မှောင်မိုက်တဲ့အခန်းကျဉ်းလေးထဲက
***အလွမ်းသခင်***



No comments:

Post a Comment