Saturday, 27 October 2012

မဟောင်းနွမ်းပါစေနဲ့ 

မင်းနမ်းခဲ့ ဖူးတဲ့ ပါးပြင်တစ်ချက်

ကြည်နူးမှု ရှက်ပြုံးလးနဲ့  ထိတွေ့ နေတက်ပြီ

အာရုံကလန်း နေခြည်သန်းလို့ 

မိုးသောက်မနက် ရောက်ပြန်လေတိုင်း

မှန်တစ်ချပ်ရှေ့  ရောက်နေတဲ့မျက်နှာ

အေးမြတဲ့ရေတွေထိတွေ့ တိုင်း

ဘယ်ဘက်ပါးတစ်ချက်ကို

ငါနူးညံ့စွာ ပွတ်သပ်ရင်း

လွမ်းဆွေးမှုတွေနဲ့ 

အနမ်းပေးပြိး အလှမ်းဝေးခဲ့ရတဲ့

နေ့ တစ်နေ့ ...

ငါသတိရနေမိတယ် မမေ့လျော့ချင်ခဲ့

သစ္စာဆိုတဲ့ စကားလေး

နှစ်တွေသာပျောက်ပျက်သွား

ချစ်နေတာ ဒီရင်ကမို့ 

လူချင်းဝေးနေကြပေမယ့်

ငါ့ရဲ့ရင်ဘတ် ဘယ်ဖက်က

ချစ်တယ်တယ်ဆိုတဲ့

အသဲထဲကရင်ခုန်သံကို

မင်းပိုင်ဆိုင်ပါတယ်ချစ်သူ

အလှမ်းဝေးနေပေမယ့်

မဟောင်းနွမ်းနိုင်တဲ့ အချစ်နဲ့ 

မင်းလေးလည်းပိုင်ဆိုင်နေပါစေ .. လို့ 

ဆုတောင်းရင်း

အခန်းမှောင်မိုက်ထဲက
အလွမ်းသခင်

No comments:

Post a Comment