Saturday, 22 December 2012

ခရာသံတွေမဲ့ စေချင်တဲ့မနက်ဖြန်

ခရာသံတွေ အလံတွေကြားထဲမှာ
အသက်သွေးချွေးတွေပေးဆပ်လို့ 
နှလုံးသွေးတွေအေးစက်မတတ်
သွေးပွက်ပွက် အန်သေတဲ့ အလောင်းတွေ ပုံထပ်
အရှုံးမြတ်ကို ပိုင်သေထား ငါ့လူမျိုးသာနိုင်စေသားရယ်လို့ .....................
တိုက်ပွဲဝင်တွေ သွေးရင်းလိုသဘောထားလို့ 
လက်တွဲမဖြုတ်နဲ့ ............ ဟေ့ဒို့ လူမျိုး
အတ္တတရားတွေ အပုံပင်ထားလို့ 
အမျိုးမပြုတ်အောင်ပ.......
ဒို့ ခေတ်မှာတိုက်ပွဲဆိုတာ ညိမ်းအေးရမယ်.........
စစ်ခရာတွေ  အသံတွေကြားမှာ
သွေးသံရဲရဲနဲ့ ပေးဆပ်ခဲ့တဲ့   ဒို့ ဘိုးဘွားတွေ
စိတ်မပျက်စေရဘူး ..........
အနိုင်ပေမယ့်........တရားသောတိုက်ပွဲဖြစ်စေမယ်
အရှုံးပေမယ့်........အပြုံးနဲ့ ရင်ဆိုင်ကြမယ်
နှလုံးမှာသန္ဓေတည်..........ကမ္ဘာမြေတည်သရွေ့ 
ငါတို့ လူမျိုးနာမည်ဆိုးနဲ့ မကျော်ကြားစေဘူး
အလင်းရောင်မဲ့ နေမယ့် တိုက်ပွဲတစ်ခုထက်
တို့ တွေရဲ့လက်တွေ အေးချမ်းလို့  ပန်းတံတားသာခင်းစေချင်ပြီ
ခရာသံတွေအေးချမ်းစေချင်မိပြီလေ!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
                                                                                                                                                            မှောင်မိုက်တဲ့ အခန်းကျဉ်းလေးထဲက
                                                                                     အလွမ်းသခင်

Thursday, 13 December 2012

ကဗျာ ဘ၀ အတ္တ

**
ရင်နင့်ခံစား
ဝေဒနာများကို
သီဆိုဖွဲ့ သီ
နှလုံးသွေးတွေ ပေးဆပ်
အတွေးကယ်ရတက်မအေး
အဆွေးသံသရာတွေ
ပေးဆပ်ဖို့ စာချေ၇းခဲ့၇တာ
လူအတ္တ၇ဲ့ အတွေးက ကဗျာ.........။
၇င်းနီးမှုတွေပေးဆပ်
ပညာ သင်ညာတွေနဲ့
လိမ်လည်ကာတစ်မျိုး
ရိုးသားစွာတစ်ဖုံ
အကျိုးတရားတွေ ခံစားရဖို့
ကြိုးစားကာ အတွေးတရားတွေနဲ့ 
ဘ၀ရဲ့ အဆုံးတရားထိ
လုပ်စားကြရတာ ဘ၀..........။
လိုတာမရတဲ့သြကာသလောကြကြီးမှာ
လိုချင်တာရအောင်ယူမယ့်အတ္တ
မဖြစ်နိုင်တာ ဖြစ်အောင်လုပ်မယ်ဆိုတဲ့အတ္တ
စဉ်းစားစရာကိုမစဉ်းစားဘဲ
ဒုက္ခတွေ ခံကာအတွေးနယ်လွန်ခဲ့တာအတ္တ
နောက်ဆုံးတော့ သေချာတာ
သေဆုံးချင်းဆိုတဲ့ တရားမဖယ်ရှားနိုင်တာ
ငါတို့တွေ အတ္တနဲ့ ခရီးဆက်သလောက်
အဆုံးသက်က မြေကြီး
အနိုင်ဆုံးက သေခြင်း
ရှုံးနိမ့်ရတာ ငါတို့ 
နောက်ဆုံးတော့ ဘ၀ဆိုတာ
သေချင်းတရားရဲ့  လက်အောက်မှာ
အတ္တမာန ခ၀ါချခဲံ့ရ့ ပြီ...............။
အားလုံးသာယာပါစေ
အတွေးတစ်ခုရဲ့
အတ္တ

အချိန်မတန်ခင်ကြွေလင့်ခဲ့ရသောသူငယ်ချင်းအတွက်

ငါတို့ ငယ်စဉ်ကျောင်းနေစဉ်မှစ

အရွယ်ရလာ ခုချိန်ခါထိ
ညီရင်းအကိုပမာ ခင်မင်ရတဲ့ သူငယ်ချင်း။
ကျောင်းသားဘဝ
စာသင်ကြလည်း
ပျော်ရွှင်စွာလက်တွဲ
တို့ တွေ လည်း ညီရင်းအကို
ပမာ သို့ 
ယခု ချိန်ထိ အမုန်းမဖက်တဲ့ သူငယ်ချင်း။
တစ်ယောက်ဝမ်းနည်းချိန်တိုင်း
တစ်ယောက်ကဖေးမလို့ 
မျက်ရည်တွေခမ်းစေနိုင်ခဲ့တဲ့ သူငယ်ချင်း။
ယခု အခါငါတို့ တွေ မှာ
ခင်မင်ရင်းနှီး မှုကစလို့ 
စီင်္းပွားရေးတွေ ကိုစီရှာ
လူမှုနယ်ပယ်မှာ ပညာရှာလို့ 
လောကဒါဏ်ကို အံတုနေရင်း

အချိန်မကျ ခင်ကြွေလင့်
မြေကိုခခဲ့တဲ့ သူငယ်ချင်း။
သေချင်းတရားဆို တာ
ပြေးရှောင်လို့ မရပေမယ့်
စောနေသေးတယ်သူငယ်ချင်း
နောင်နောင်ဘ၀တကယ်သာရခဲ့ ရင်
ဒီအဖြစ်မျိုးကဝေးပါစေ
အေးချမ်းမှုနဲ့ ဆုံတွေ့ ပါစေ သူငယ်ချင်း။
ငါရှုံးနိမ့်တိုင်း ကြေကွဲတိုင်း
br />ပျော်ရွှင်တိုင်း မင်းကို သတိရနေမယ်>>>>>>>>>>>>>
မင်းကောင်းရာသုဂတိလားပါစေ။

အချိန်မတန်ခင်ကြွေလွင့်ခဲ့ ရသော ချစ်သူငယ်ချင်း အတွက်
**အလွမ်းသခင်**