Wednesday, 5 February 2014

သိပါစေ

ရင်ခွဲတဲ့ ဂဏန်းတွေ
သချာင်္ရဲ့  နိယာမနဲ့ ချတွက်လိုက်တော့
အရက်တစ်ခွက်က ခပ်ပြုံးပြုံး

ငိုနေတဲ့ မျက်ဝန်းတွေက
သီလတရာကိုမေ့ပစ်ထားပြန်တယ်

သစ္စာဆိုတဲ့စကားနဲ့ ရင်ခွင်ကိုဖွင့်ကြည့်ပြန်တော့
တစ်ခြမ်းကဟာလာဟင်းလင်း

မေတ္တာတရားကိုစဉ်းစားပြန်တော့
နွေးထွေးနေတဲ့ မိသားစုလက်တစ်စုံကအေးချမ်းနေဆဲ

ဘ၀ဆိုတာတွေးရပြန်တော့
ဓနကနတ္ထိ ဥစ္စာကမရှိ
မျက်နှာမွဲကျွန်နော်

ဆင်းရဲခဲ့တဲ့ ဘ၀ကခါးသလား
အချစ်ဆိုတဲ့ တရားက
မှားလေသလား

ငါ့အတွက်တော့ချစ်သူရယ်
မမိုက်သောဘ၀ရဲ့ တစ်နေ့ တာ

နင့်ရင်မှာငါမရှိတော့ပေမယ့်
ငါ့ရင်မှာထာဝရလင်းလက်နေမယ့်
ကြယ်စင်လေးတစ်ပွင့်ကနင်ပါချစ်သူရယ်
မှန်ကလေး

ခရောင်းလမ်းမှာပျိုးမိတဲ့ပန်း ×××××××××××××××

ခရောင်းလမ်းမှာပျိုးမိတဲ့ပန်း
×××××××××××××××
သစ္စာ တရားကိုမျိုးစေ့ယူ
မေတ္တာ တရားမြေကိုဆွ
ကြင်နာမှုလက်တစ်စုံနဲ့
ပျိုးတဲ့ပန်း

သံယောဇဉ် တွေရစ်ပတ်ထုံးဖွဲ့
ဂရုနာတရားနဲ့
ရေလောင်းပေါင်းသင်

အချိန်ရယ်ကြာညောင်းတော့
အချိန်အခါရယ်သင့်
ဖူးပွင့်ဝေဆာ လှလာတဲ့ပန်း

ပျော်ရွှင်မှူနဲ့တယုတယကြည့်
အဆင်းအနံ့ရယ်ပြည့်စုံ
သင်းထုံမွေးပျံ့ ငါ့ရင်မှမနမ်းရက်ပေ

ရနံရယ်ပြည့်စုံကြွယ်တော့
ငါပျိုးတဲ့ပန်း ရင်ခွင်နွမ်းအောင်
ပြုရက်လေအား

သူစိမ်းကာသွားလေပြီ
ရင်မှာပျိုးတဲ့ချစ်ပန်းက
တိုက်တာအလှရဲ့ပကာသနအောက်
လှပတင့်တယ် နှစ်သက်ပြန်တော့

ရက်လကြာညောင်း ဥယဉ်ဟောင်း
မှာ ငါတွေးနေပြီ တွေးမိလေပြီ

မေတ္တာတောမှာပျိုးမိသော်လည်း
ခရောင်းလမ်းမှာ
ပျိုးသည့်ပန်းနှင့်မခြားပါပြီ
 ¿¿¿မှန်ကလေး ¿¿¿♥

ပကာသနမဲ့ သောအခါ

အိပ်မရညရဲ့ စိတ္တဇ အတွေးထဲမှာ
ရိုက်ချခံရတဲ့အဖြစ်က
များလိုက်တာ
အညတြရဘ၀ကို အရောင်ဆိုး
အမျိုးမျိုးသောအရာတွေ

မြို့ပြကိုလျောက်လမ်းဖို့
ဖြတ်သန်းလာတဲ့ ကျောက်လမ်းက
နူးညံ့ခဲ့ပါ့မလား

တောကြိုအုံကြားက
တောသားလေးကျွန်နော် 

တစ်ချိန်ကအိမ်မက်တွေ
အကောင်ထည်ဖော်ဖို့
မွေးရပ်မြေမှစွန့်ခွာ
ရှူပ်ထွေးပွေလီမြို့ပြဆီလှမ်းတက်ခဲ့တယ်

မနူးညံ့တဲ့ကျောက်လမ်းထက် ကြမ်းတမ်းတဲ့စကားတွေနဲ့ပြောဆို
ပိုက်ဆံကိုရေလိုသုံး ရိုင်းစိုင်းသူတွေအကြား
ရင်တွင်းငိုရှိုက်တိတ်တဆိတ်
ဟစ်ကြွေး
မဝေးသောတစ်နေ့မှာ
ငါအောင်မြင်ရမည်ဟု
မှန်ကလေး

မင်းသိဖို့ 

လေအသင့်မှာကြွေ
မြေနိမ့်ရာလှံစိုက်ချင်ကြ

အခြေနေသင့်အောင်လို့ 
ဓါးတစ်လက်ပေါ်ငါနင်းလျောက်ခဲ့တယ်

ရေနှစ်လို့ ဝူးကူထိုးမဲ့
မင်းလက်တစ်စုံထက်
သဘာဝကပေးတဲ့ 
မြက်တစ်ပင်ကို
ငါနှစ်သက်မိတာ
ငါ့လောဘလား

ဘယ်သူ ပြိုင်ပြိုင်
ငါနိုင်ချင်ခဲ့တာ
မင်းမသိတဲ့ အတ္တ လက်တစ်စုံလား

ပန်းအခြေနေ
ကြွေသာကြွေရ
မြေခပြီပေါ့ အနေတော်မော့ပေမယ့်
သေတော့မယ့် ငါ့နှလုံးသား
မင်းအတွက်အပြုံးစကားလေးခွန်းဆက်သပါတော့မယ်

မင်းရဲ့အချစ်များတဲ့ လက်တစ်စုံဟာ 
အမျိုးဘာသာအတွက် ခါးသက်မှုမပေးရင်တော်ပါပြီ 
မှန်ကလေး

~~~နောက်ဆုံးတော~~~့

~~~နောက်ဆုံးတော~~~့
ငါဆိုတဲ့အတ္တတွေထွေးပွေးရင်း
ဖြတ်သန်းလာတဲ့ ဘ၀ဘ၀တွေ
ခါးတစ်ခါချိုတလှည့် ငိုသူတွေပြည့်နှက်
ဈေးပေါပေါ ၀ီတစ်ခွက်နဲ့
ဘ၀ကိုရောစပ် လိုက်တော့
အဖြေတစ်ခုက သွေးနှောယှက်တင်
တွေးတောကာမျက်ထင်ပြတော့
မချိုမြိန်မှူရဲ့သင်ခန်းစာ

ဂရုဏာကိုအကြောင်းပြု
ရင်ထဲကကြင်နာခြင်းတွေဖွင့်ထုတ်
နှလုံးသားရဲ့စေညွန်ရာ ကကွက်အောက်
မေတ္တာတရားတွေပြတော့
ရလိုက်တဲ့ဥပက္ခာတရားက
ရင်းထားတဲ့နှလုံးသားလေးဖျားသွားတယ်
မနာကြင်တက်တဲ့ ငါရဲ့စိတ်
အရာရာကိုနာကြည်းမှူနဲ့စိုက်ကြည့်တော့
တန်ဖိုးမဲ့မျက်ရည်တွေကို
တန်ဖိုးမဲ့လက်တစ်စုံနဲ့
ကလောင်တစ်ချောင်းဆွဲကိုင်
အသည်းမခိုင် ဇာတ်လမ်းလေးရေးဖွဲ့ပြန်ပြီလေ
မှန်ကလေး

ဘဝ

♥♥လမ်း♥♥

‪#‎ဒေါသ‬.မောဟ.သောက များစွာနဲ့လျောက်
♥ပျော်ရွှင်ခြင်း.ကြည်နူးခြင်း.မြတ်နိုးခြင်း
များစွာနဲ့လျောက်
~ဘယ်လိုမျိုးပင်လျောက်ကြသော်လည်း
ခရီးရောက်ကြစမြဲ

♥♥/လှေကား♥♥

^အမြင့်ကိုတက် လိုအပ်ချက်နဲ့သွား
!အနိမ့်ကိုဆင်း မလိုအပ်ခြင်းနဲ့လည်းသွား
<->အလယ်အလတ်မှာ
ရပ်တန့်သူတွေကများ

♥♥ရေပြင်♥♥

လိုအပ်ချက်အတွက်လည်းသုံးကြ.မလိုအပ်တာတွေလည်းစွန့်ကြ
ရေပြင်ကတော့ကြည်လင်ဆဲ

♥♥ကောင်းကင်♥♥

လိုအပ်ချက်တွေတောင်းဆိုကြ
ကြယ်တွေကြွေတဲ့ည
မလိုအပ်ချက်တွေလည်းအော်ဟစ်ကြ
မိုးတွေညိုတဲ့ည
ချစ်သူ့ထံပါးကြားပါစေသားဟု
ဟစ်အော်ကာပြောတမိုးအောက်မှာတူရှိဆိုသော အဝေးကလူတွေကအများသား

♥♥မြေပြင်♥♥

ဘယ်သူတွေဘာလုပ်လုပ်အပြုံးမပျက်
အရှူံးအမြတ်မတွက် ဘယ်သတ္တ၀ါမဆို
အဆုံးသတ် ကြတာ မြေပြင်ရဲ့
နူးညံ့မှူရဲ့ရက်စက်ခြင်းလား
သခါၤရေလလား,!!!!!!!!!!!!
မွန္ကေလး

~~~အဟောင်းတွေဝယ်မယ်ရောင်းမယ်!!!!!!!



ခံစားချက်တွေ ပုလင်းနဲ့ လဲမယ်
ယုံကြည်ချက်တွေ ထုတ်ဆီးထိုးတယ်းကစားမယ်
သစ္စာတွေ ပုံပြင်လုပ်မယ်
မေတ္တာတွေ ဘောလုံးကန်သလိုကန်မယ်
ခံစားချက်တွေ ရေနဲ့ ဆေးမယ်
ဥပက္ခာတရားတွေ လှည့်စားချက်တွေနဲ့ 
အသက်ဆက်ကြမယ်
လိမ်လည်မှုကို အရင်းနှီးလုပ်မယ်
ဖြောင့်မတ်သောလမ်းကို မြေဖို့ 
လမ်းကောက်တွေဖောက်ကျမယ်
မနက်ဖြန်ဆိုတဲ့ နေ့သစ်ကို 
good morning အစား bad morning
အစားထိုးမယ် 
ညနက်တွေကို အိပ်စက်ချိန်မှာ bad nightလို့ သုံးကြမယ်

အိပ်စက်မရတဲ့ ညတွေကို
လူးလွန့် နေမယ့်အစား
ဘယ်သူ့ ကိုလိမ်လည်ရမလည်းလို့ စဉ်းစားကြမယ်
ကဲ ဘယ်လိုလည်း
မှန်ကလေး